The Imitation Game (2014) မြန်မာစာတန်းထိုး
Posted by ချမ်းငြိမ်း-မှော်ဝန်း on 6:47 AM with No comments
The Imitation Game (2014) မြန်မာစာတန်းထိုး
------------------------
အလန် ကျူရင်း (23 June 1912 – 7 June 1954)
ကမ္ဘာ့သမိုင်းကို ပြောင်းလဲခဲ့ကြတဲ့ လူတွေထဲက တယောက် ဖြစ်ပါသည်။
ဒုတိယကမ္ဘာစစ် အစောပိုင်းကာလတွေမှာ
ဂျာမဏီတို့ စစ်ရေးအရ အခြားနိုင်ငံတွေအပေါ် အသာရစေခဲ့တဲ့အချက်တွေထဲမှာ
" အနီဂမာ" လို့ခေါ်တဲ့ လျှို့ဝှက်ကြေးနန်းပို့စနစ်
ဟာလည်း အရေးကြီးတဲ့ အချက်တခု ဖြစ်ပါသည်။
"အနီဂမာ" ကတဆင့် သတင်းပေးပို့မယ်ဆိုရင် အခြားနိုင်ငံတွေအနေနဲ့ ဘယ်လိုမှ "အနီဂမာ" ရဲ့
စကားဝှက်စာတွေကို မဖော်နိုင်ကြပါဘူး။
" ဖြစ်နိုင်ခြေ" သန်းပေါင်း (၁၅၉) သန်းထိရှိတဲ့ စကားလုံးတွဲဖက်မှုတွေပေါ်လာနိုင်လို့ ဖြစ်ပါသည်။
အဲဒီ "ဖြစ်နိုင်ခြေများ" အားလုံးကိုဖော်နိုင်တယ်ထားဦးတော့
ဂျာမန်တို့က ညသန်းခေါင်ကျော်ရင် setting အသစ်တမျိုးထပ်ပြောင်းတာကြောင့် ၂၄ နာရီအတွင်း "စကားဝှက်" စာဖော်ထုတ်ဖို့ဆိုတာ
လုံးဝကို မဖြစ်နိုင်ကိစ္စ ဖြစ်ခဲ့ပါသည်။
ဗြိတိသျှထောက်လှမ်းရေး အေဂျင်စီ ( MI6)က
အဲဒီ " အနီဂမာ" ကိုဖော်နိုင်ဖို့ အတွက်
သင်္ချာပညာရှင်တွေ၊ လျှို့ဝှက်စာ ပါရဂူ တွေကို
စုစည်းပြီး အဖွဲ့တခုဖွဲ့စည်းပါသည်။
ကမ္ဘာစစ်၏ ချိန်ခွင်ရှာကို ပြောင်းလဲစေခဲ့တဲ့
အဖွဲ့အစည်းတခု ဖြစ်ခဲ့ပါသည်။
အဲဒီအဖွဲ့မှာ အလန် ကျူရင်း တယောက်
ခေါင်းဆောင်ဖြစ်လာပါသည်။
ငွေကြေးများစွာ ကုန်ကျခဲ့သလို
အချိန်လည်း အတော်ယူခဲ့ရပါသည်။
တချိန်တည်းမှာပဲ အလန် ကျူရင်း ကို
သူလျှိုတယောက်အဖြစ် သံသယဝင်စရာ
အဖြစ်အပျက်တွေကလည်း ရှိနေပြန်ပါသည်။
သူတို့ အစီစဉ်တွေ အောင်မြင်သည်ထား
ဂျာမန်တွေရဲ့ လျှို့ဝှက်ကြေးနန်းတွေကို
ဖော်ထုတ်နိုင်သည်ကို ဂျာမန်တွေသိသွားရင်
ကြေးနန်းအစီစဉ်တွေ ပြောင်းမည်မှာမလွဲ
ဒါဆို အချိန်ကုန် ငွေကုန်ခံလုပ်ခဲ့ကြတဲ့
စီမံကိန်းဟာ စာတစောင်လောက်နဲ့ နိတ္တိတံ ရမယ့်ကိန်း ဖြစ်မည်။
ဒါဆို ဘယ်လို လုပ်ကြမလဲ။
ဒါကြောင့်ပင် " တုပခြင်း ကစားပွဲ" ဖြစ်လာပါတော့သည်။
ဒီဇာတ်ထဲမှာ ပါဝင်တဲ့ အချက်အလက်အချို့ဟာ
နှစ်ပေါင်း (၅၀) ကျော် ဗြိတိသျှ အစိုးရက
ထိပ်တန်းလျှို့ဝှက်ချက်အဖြစ် လျှို့ဝှက်ထားခဲ့တဲ့
အရာများဖြစ်ပါသည်။
ဒါကြောင့်ပဲ ဆိုရမလားမသိ ဒေါ်လာ ၁၄ သန်း
အကုန်ကျခံ ရိုက်ကူးခဲ့တဲ့ ဒီဇာတ်ကားဟာ
ဝင်ငွေအဖြစ် ဒေါ်လာ 233.6 သန်း ရရှိခဲ့ပါသည်။
ဒီဇာတ်ကားမှာ တွေ့ရတဲ့ အချက်အလက်တွေကို
ကြည့်ရင် စစ်ပွဲ တပွဲမှာ ရန်သူလှုပ်ရှားမှုသတင်းဟာ
မည်မျှ အရေးကြီးကြောင်း သိရပါမည်။
" ရန်သူအကြောင်း များများသိလေ
တိုက်ပွဲအောင်မြင်ဖို့ နီးစပ်လေ" ဟု
ဆွန်ဇု ကလည်း ပြောဖူးပါသည်။
လက်ရှိကျနော်တို့ နွေဦးတော်လှန်ရေးမှာ
သင်ခန်းစာယူစရာ အဖြစ်အပျက်တွေ မကြာခဏ
တွေ့ရပါသည်။
အသက်နဲ့ရင်းနေသော တိုက်ပွဲဝင် သူရဲကောင်းတွေကို
တန်ဖိုးထားရင် ရန်သူမသိသင့်တဲ့
အရာတွေကို FB ပေါ်တင်ပြီး သတင်းမလုပ်ကြဖို့၊
တော်လှန်ရေး အာသာမဖြေကြဖို့ တိုက်တွန်းချင်ပါသည်။
ကျနော့်ရဲ့ FB အကောင့်ကိုလည်း
Add ထားပေးကြပါဦး။
Telegram ကနေလည်း တင်ပေးထားပါတယ်။
ကျနော့်ရဲ့ Telegram Channel လေးကိုလည်း Join ထားပေးကြပါဦး။
အောက်က နှစ်သက်ရာလင့်တွေကနေ
ဒေါင်းယူကြည့်ရှုနိုင်ပါတယ်။
လွတ်လပ်စွာ မျှဝေနိုင်ပါတယ်။
Mediafire 1080p 1.5 GB
Categories: Movie
0 Comments:
Post a Comment