ချေ Part One (၂၀၀၈) မြန်မာစာတန်းထိုး
ချေ Part Two (၂၀၀၈) မြန်မာစာတန်းထိုး
Ride or Die (2021) မြန်မာစာတန်းထိုး
Ride or Die (2021) မြန်မာစာတန်းထိုး
**********************
ဒီဇာတ်ကားထဲမှာ Lesbians
ဒါမှမဟုတ် Gay တွေအတွက်
လူ့အဖွဲ့အစည်းထဲက လူအများစုရဲ့
နေ့စဉ်နဲ့အမျှ လှောင်ပြောင်ခံနေရသူတိုင်းရဲ့
တကယ့်နာကျင်မှုဝေဒနာတွေကို
ပြသနေတာဖြစ်ပါတယ်။လူ့အဖွဲ့အစည်းကြောင့်
ခက်ခဲပင်ပန်းခဲ့ရတဲ့ LGBT တွေအတွက်
သူတို့ရဲ့ ချစ်ခြင်းမေတ္တာအတွက်
ရဲရဲ ရင့်ရင့် တိုက်ပွဲဝင်ထားတဲ့ ဂျပန်ဇာတ်ကား
ကောင်းတကားပါ ဒီထဲမှာ ပါတဲ့ တချို့အခန်းတွေက
အရွယ်မရောက်သေးသူတွေကြည့်ဖို့ မသင့်တော်ပါဘူး
မြန်မာစာတန်းထိုး[720p] [BluRay] နဲ့ကို
အောက်မှာ ဒေါင်းယူကြည့်ရှု့နိုင်ပါတယ်
Mediafire
Onedrive
Google Drive
ကျေးဇူးတင်ပါတယ် ချမ်းငြိမ်း-မှော်ဝန်း
Saving Private Ryan (1998) မြန်မာစာတန်းထိုး
Saving Private Ryan (1998) မြန်မာစာတန်းထိုး
ဒီဇာတ်ကားကို ဒုတိယကမ္ဘာစစ်ရဲ့ နောက်ဆုံးအဆုံးသတ်တိုက်ပွဲဖြစ်တဲ့ ၁၉၄၄ (D-Day)
နော်မန်ဒီ တိုက်ပွဲကြီးကနေစတင်ထားပါတယ်။
နော်မန်ဒီ ကမ်းခြေတိုက်ပွဲမှာ ဗိုလ်ကြီးမီလာတို့ တပ်ခွဲဟာ အိုမာဟာ ကမ်းခြေကနေ ဝင်ရောက်ရတာဖြစ်လို့ အထိအခိုက်၊ အကျအဆုံးများတဲ့နေရာဖြစ်ပါတယ်။
D – Dayဆိုတာ ကြောင့် မဟာမိတ်တပ်တွေဖြစ်တဲ့ အင်္ဂလန် အမေရိကန် ကနေဒါနိုင်ငံတို့က အဓိက တိုက်ခိုက်တာဖြစ်ပြီးတော့ နာဇီ ဂျာမနီ တို့သိမ်းထားတဲ့ ပြင်သစ် ဆိပ်ကမ်းဖြစ်တဲ့ နော်မန်ဒီ ဖက်က ကုန်းကြောင်း ဝင်ပြီးအဖက်ဖက်မှလည်း လေကြောင်း၊ ရေကြောင်းနဲ့တိုက်ခိုက်ကြပါတယ်။
ဒီလိုတိုက်ပွဲတွေကြားမှာ အမေရိကန်ပြည်ထောင်စု အိုင်အိုဝါပြည်နယ်သားတွေဖြစ်တဲ့ ရိုင်ယန်ညီအစ်ကို ၄ ယောက်မှာ ၃ ယောက်ဟာ တိုက်ပွဲမှာကျပြီးတော့ အငယ်ဆုံးဖြစ်တဲ့ ဂျိမ်းဖရန်စစ် ရိုင်ယန်တဦးသာ ကျန်ခဲ့ပြီး သူတို့ဟာ မိခင်နှင့်အတူ နေထိုင်ကြသူတွေဖြစ်ပါတယ်။
ဒါကြောင့် စစ်ဘက်ဆိုင်ရာ အရာရှိတွေဟာ တဦးတည်းအသက်ရှင်ကျန်ရစ်နေသေးတဲ့
ဂျိမ်းဖရန်စစ် ရိုင်ယန်ကို ကယ်တင်ဖို့ ဗိုလ်ကြီးမီလာကို တာဝန်ပေးပါတယ်။
ရိုင်ယန်ဟာ အမှတ် (၁၀၁) လေထီးတပ်နဲ့အတူ နော်မန်ဒီစစ်မျက်နှာက
ရန်သူ့နယ်မြေထဲကို ရောက်ရှိနေတာ ဖြစ်ပါတယ်။
ဒီလိုနဲ့ ဗိုလ်ကြီးမီလာဟာ ရိုင်ယန်ကို ကယ်တင်ဖို့ စစ်သား ၈ ယောက်နဲ့အတူ
စွန့်စားခန်း ဝင်ရပါတော့တယ်။
ဒီဇာတ်ကားဟာ စစ်ကားတကားထက်ပိုပါတယ်။
ဒုတိယကမ္ဘာစစ်ရဲ့ပုံရိပ်တွေကိုထင်ဟပ်အောင်ရိုက်ကူးထားတာဖြစ်သလို၊ လူသားတယောက်အပေါ် ထားရှိရမယ့် စံနှုန်း၊
စစ်မြေပြင်က စစ်သည်တော်တွေရဲ့ စရိုက်ကိုပါ မြင်တွေ့ခံစားရမှာပါ။
ဒီဇာတ်ကားဟာ အနုပညာစံနှုန်းနဲ့ပဲ တိုင်းတိုင်း၊
သမိုင်းဆိုင်ရာစံနှုန်းနဲ့ တိုင်းတိုင်း မှတ်ကျောက်တင်နိုင်တဲ့ ဇာတ်ကားဖြစ်ပါတယ်။
ကျနော့်ရဲ့ FB အကောင့်ကိုလည်း Add ထားပေးကြပါဦး။
https://www.facebook.com/channyeinmw
Telegram ကနေလည်း တင်ပေးထားပါတယ်။
ကျနော့်ရဲ့ Telegram Channel လေးကိုလည်း Join ထားပေးကြပါဦး။
အောက်မှာ မိမိတို့ အဆင်ပြေမယ့် ဒေါင်းလုတ်လင့် တွေကနေ
ကြည့်ရှုဒေါင်းယူနိုင်ပါတယ်။
The Sadness (2021) မြန်မာစာတန်းထိုး
The Sadness (2021) မြန်မာစာတန်းထိုး
ထိုင်ဝမ်မှာ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများနဲ့
အစိုးရအရာရှိများက တုပ်ကွေးလို
ရောဂါပိုးဖြစ်တဲ့ "Alvin" ဗိုင်းရပ်စ်ကို
ထိပ်တိုက်ရင်ဆိုင်နေကြရပါတယ် ..
အစိုးရက Alvin ကူးစက်မှုတွေကို တားဆီးနိုင်တဲ့
အစီအမံများ လုပ်ဆောင်နိုင်စွမ်း
မရှိကြောင်း အတိအလင်းဝန်ခံလိုက်ပြီး..
ကာကွယ်မှုတွေကို လျော့ချခဲ့တယ်..
သာမန်လူအတော်များများကတော့
ဗိုင်းရပ်စ်က အန္တရာယ်ရှိတယ်ဆိုတာကို သံသယရှိကြပါတယ်။
ဒါပေမယ့် တချို့သော ဗိုင်းရပ်စ်ဗေဒပညာရှင်များကတော့
၎င်း ဗိုင်းရပ်စ်က မျိုးရိုဗီဇ ပြောင်းဖို့ အလားအလာရှိပြီး
ကြောက်မက်ဖွယ်ကောင်းရောဂါကို ဖြစ်နိုင်တာကို စိုးရိမ်နေကြတာပါ
"Alvin" ဗိုင်းရပ်စ် ကူးစက်ခံရသူတွေက ရက်စက်ကြမ်းကြုတ်ပြီး
အဆိုးဝါးဆုံးအရာတွေ လုပ်ဆောင်ဖို့ တွန်းအားပေးခံရတာကြောင့်
လမ်းမများပေါ်မှာ သတ်ဖြတ်မှု ညှင်းပန်းနှိပ်စက်မှုနှင့်
မုဒိန်းမှု တွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေတာပါ
အဲ့ဒီလို မငြိမ်မသက်မှုတွေကြားက တနေရာဆီ ရောက်နေတဲ့
လူငယ်စုံတွဲတတွဲက သူတို့ နှစ်ယောက်ပြန်တွေ့ဖို့ကြိုးစားရင်း
ရင်ဆိုင်ရတဲ့ ဆိုးဝါးတဲ့ အခြေအနေတွေကို
ရိုက်ကူးထားတာပါ ..
P.S "သွေးသံရဲရဲ နဲ့(နှလုံး မသန့်) ရွံတက်တဲ့သူတွေ
အတွက်တော့ လုံးဝ မကြည့်သင့်တဲ့" ဇာတ်ကားပါ ..
မြန်မာစာတန်းထိုး[720p] [BluRay] နဲ့ကို
အောက်မှာ ဒေါင်းယူကြည့်ရှု့နိုင်ပါတယ်
mediafire
Onedrive
Google Drive
ကျေးဇူးတင်ပါတယ် ချမ်းငြိမ်း-မှော်ဝန်း
Morbius (2022) မြန်မာစာတန်းထိုး
Morbius (2022) မြန်မာစာတန်းထိုး
ဒီဇာတ်လမ်းကတော့ အော်စကာဆုရှင်
မင်းသား Jared Leto ကလျှို့ဝှက်ဆန်းကြယ်ပြီး
ထူးဆန်းတဲ့ "Hero" Michael Morbius အဖြစ်
ပြောင်းလဲသွားတဲ့ ဇာတ်လမ်းပါ .....
သူက Marvel ရဲ့Super Heros ဇာတ်ကောင်တွေထဲမှာ
ဆွဲဆောင်မှုအရှိဆုံးနဲ့ အကွဲလွဲဆုံးဇာတ်ကောင်ဖြစ်လာခဲ့တယ်
Dr.Michael Morbius
က
ရှားပါးပြီး ထူးဆန်းတဲ့ သွေးရောဂါ ခံစားနေရတဲ့
သူ့ကိုယ်သူ ကုသဖို့ ကြိုးစားရင်း ..နဲ့
သူ့လိုပဲ ခံစားနေရတဲ့တခြားသူတွေကိုပါ
ကယ်တင်ပေးချင်တဲ့ သူပါ..
အန္တရာယ်များပြီး တရားမဝင်တဲ့
စမ်းသပ်မှုတခုလုပ်ဖို့ကြိုးစားရင်း
ရက်စက်ပြီးသွေးစာနေတဲ့ မကောင်းဆိုးဝါးကို
ဖန်တီးမိခဲ့တဲ့ Dr.Michael Morbius...အဖြစ်
အော်စကာဆုရှင် မင်းသား Jared Leto က
သရုပ်ဆောင်ထားတာပါ..
မြန်မာစာတန်းထိုး[720p] [BluRay] နဲ့
အောက်မှာ ဒေါင်းယူကြည့်ရှု့နိုင်ပါတယ်။
Mediafire
Onedrive
Google Drive
ကျေးဇူးတင်ပါတယ် ချမ်းငြိမ်း-မှော်ဝန်း
PK (2014) မြန်မာစာတန်းထိုး
ဒီဇာတ်ကားထွက်ရှိခဲ့တဲ့ ၂၀၁၄ ခုနှစ်တုန်းက ၂ ပတ်အတွင်းမှာပဲ
အိန္ဒိယရုပ်ရှင်သမိုင်းတလျှောက် ဝင်ငွေအကောင်းဆုံး စံချိန်တင်ခဲ့ပါတယ်။
PK
သူဟာ ကိုယ်လုံးတီးနဲ့ ကမ္ဘာမြေပေါ်ကို ရောက်ရှိလာခဲ့ပြီး
ခဏအတွင်းမှာပဲ လူသားတို့ရဲ့ ပညာရပ်တခုနဲ့ မိတ်ဆက်ခံလိုက်ရတယ်။
အဲဒါကတော့ သူ့ယာဉ်ပျံနဲ့ပြန်လည်ဆက်သွယ်ရာမှာအသုံးပြုတဲ့ remote control အဖြစ်
သူ့လည်ပင်းမှာ ဆွဲထားတဲ့ အလင်းရောင်တွေထွက်နေတဲ့အဝိုင်းပြားတပြားကို
သူနဲ့ ပထမဆုံး တွေ့တဲ့လူသားက လုယူသွားတာပါပဲ။
သူပြန်လည် ရယူဖို့ကြိုးစားပေမယ့် သူရလိုက်တာကတော့ ကက်ဆက် တလုံးပါပဲ။
အဲဒီနောက်မှာတော့ ကိုယ်လုံးတီးနဲ့ လူတယောက် ကက်ဆက်တလုံးကိုလွယ်ပြီး
သူ့ရဲ့ remote control ကိုပြန်လည်ရရှိဖို့ ရှာဖွေနေရင်းကနေ
အိန္ဒိယရဲ့ များပြားလှတဲ့ ဘုရားတွေနဲ့ PK စတွေ့ပါတော့တယ်။
အဲဒီနောက်မှာ သတင်းထောက်မလေး ဂျက်ဂူး၊
ဘုရားတွေနဲ့ လုပ်စားဘာသာရေးခေါင်းဆောင်တွေ၊
အဲဒီနောက် PK ရဲ့ အလွဲ အလွဲတွေ၊
နောက်ဆုံး လူသားတွေဆီကနေ PK ဘာတွေ သင်ယူသွားနိုင်ခဲ့လဲ။
ဘာသာရေးနဲ့ ပတ်သက်ပြီး သရော်ထားတဲ့ဇာတ်ဝင်ခန်းတွေကြောင့် ဝေဖန်ခံရမှုတွေရှိခဲ့ပေမယ့်
PK ဇာတ်ကားဟာ ဘာသာရေးကိုခုတုံးလုပ်မှုတွေ၊
လွဲမှားစွာကိုးကွယ်ယုံကြည်နေကြတဲ့ ဘာသာရေး
အစွန်းရောက်အယူအဆအချို့ကိုပါ လှပစွာမီးမောင်းထိုးပြထားပါတယ်။
ကျနော်တို့ PK နဲ့အတူ ဦးနှောက် မုန်တိုင်းဆင်လိုက်ကြရအောင်။
ကျနော့်ရဲ့ FB အကောင့်ကိုလည်း Add ထားပေးကြပါဦး။
https://www.facebook.com/channyeinmw
Telegram ကနေလည်း တင်ပေးထားပါတယ်။
ကျနော့်ရဲ့ Telegram Channel လေးကိုလည်း Join ထားပေးကြပါဦး။
အောက်မှာ မိမိတို့ အဆင်ပြေမယ့် ဒေါင်းလုတ်လင့် တွေကနေ
ကြည့်ရှုဒေါင်းယူနိုင်ပါတယ်။