ယုံကြည်ချက် တစိတ်တပိုင်းကို ဖွင့်အံဖို့နှင့် လေ့ကျက်မိသမျှ မျှဝေဖို့

  • ကြောက်တတ်တဲ့ အစုမှာလား၊ ဖေါက်ထွက်မယ့် အစုမှာလား။

    (သပြေသီးကောက်) ဝါဆိုဝါခေါင် ရေတွေကြီးလို့ သပြေသီးမှည့် ကောက်စို့ကွယ်။ ခရာဆူးချုံ ဟိုအထဲက မျှော့နက်မည်းကြီး တွယ်တတ်တယ်။ မျှော့နက်ဆိုတာ ချိုနဲ့လားကွဲ့ မြွေနဂါးတောင် ကြောက်ဘူးကွယ်။ တို့လဲကြောက်ပေါင် အတူသွားစို့ အုန်းလက်နွားလေး ထားခဲ့မယ်။ သွားကွယ် သွားကွယ်။ (မင်းသုဝဏ်) ...

    Read More
  • The Lord of the Rings: မြန်မာစာတန်းထိုး

    နဂိုထဲက ကောင်းပြီးသား ၀တ္ထုကို ရုပ်ရှင်ပြန်ရိုက်ကြတဲ့အခါ ပရိတ်သတ်တွေ စိတ်ကြိုက်မတွေ့ကြပါဘူး။ ဒါပေမယ့် The Lord of the Rings ဇာတ်ကားတွေကတော့ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ အကောင်းဆုံး ဖြစ်အောင်ရိုက်ကူးနိုင်ခဲ့တာကြောင့် ပရိတ်သတ်တွေသာမက ရုပ်ရှင် ဝေဖန်ရေးသမား တွေ ပါ ချီးကြူးခဲ့ရတဲ့ဇာတ်ကားကောင်း ဖြစ်ပါတယ်။..

    Read More
  • Prison Break Season 1 မြန်မာစာတန်းထိုး

    Prison Break Season 1 မြန်မာစာတန်းထိုး အကြိမ်ပေါင်းများစွာ ဘယ်နှကြိမ်ပဲ ကြည့်ကြည့် ရိုးမသွားနိုင်တဲ့ စီးရီးကောင်းတကားပါ အတော််များများကြည့်ဖူးပြီးပြီးသားဖြစ်တာမို့ ဇာတ်လမ်းအညွှန်းကိုတော့ မရေးပေးထားတော့ပါဘူး အောက်မှာ Season 01 ကို ဒေါင်းယူနိုင်ပါတယ်

    Read More

Carter (2022) မြန်မာစာတန်းထိုး

Carter (2022) မြန်မာစာတန်းထိုး

-----------

လူတယောက်ဟာ သူ့မှတ်ဉာဏ်တွေ မေ့ပျောက်ပြီး 

တောင်ကိုရီးယား နိုင်ငံရဲ့ 

မိုတယ်တခုရဲ့ အခန်းတခုထဲမှာ နိုးလာပါတယ်။ 

သူ့ နားထဲမှာ လျှို့ဝှက်ထူးဆန်းတဲ့  အသံတခုက 

သူ့ကို "Carter" လို့ ခေါ်ပြီး

အန္တရာယ်တွေအပြည့်နဲ့ 

ဓားစာခံ ကလေးတယောက်ကို  ကယ်ဆယ်ရေး

မစ်ရှင်တခုကို ညွှန်ကြားပြီးစေခိုင်းခဲ့ပါတယ် 

ဘာကိုမှ မမှတ်မိပဲနဲ့ ဘာကြောင့်မှန်းမသိ အန္တရာယ်ရှိတဲ့ 

မစ်ရှင်တခုထဲကို  တိုးဝင်နေတဲ့ သူရဲ့ ဘဝအမှန်က

ဘယ်သူဖြစ်မလဲ , သူဘယ်လို အဆုံးသတ်ခဲ့သလဲ,

သူ့နားထဲက "Carter" လို့ ခေါ်ပြီးစေခိုင်းနေတဲ့

လျှို့ဝှက်ထူးဆန်းတဲ့ အသံပိုင်ရှင်က ဘယ်သူဖြစ်မလဲ။

သူ့ရဲ့ မစ်ရှင်က ဘာအတွက်လဲ ,အောင်မြင်ခဲ့ရဲ့လား...

စတဲ့ မေးခွန်းပေါင်းများစွာနဲ့ "Carter" ဆိုတဲ့ 

အရမ်းကောင်းတဲ့ ကိုရီးယားဇာတ်လမ်းကို 

မြန်မာစာတန်းထိုး[720p] [WEBRip] နဲ့ကို

အောက်မှာ ‌ဒေါင်းယူကြည့်ရှု့နိုင်ပါတယ် 


Google Drive

Download

Telegram Link

HERE


ကျေးဇူးတင်ပါတယ် ချမ်းငြိမ်း-မှော်ဝန်

 

The Princess (2022) မြန်မာစာတန်းထိုး


 The Princess 2022 မြန်မာစာတန်းထိုး

********

သမီးတော် နှစ်ယောက်ပဲ မွေးဖွားပြီး အမွေဆက်ခံမယ့်

သားယောက်ကျားလေး တဦးမှမရှိတဲ့ ဘုရင်ကြီးက

သမီးတော်အကြီး ကို မျိုးရိုးမြင့်ပြီး ဂုဏ်သရေရှိတဲ့မိဘကနေ

မွေးဖွားတဲ့ လူငယ်တယောက်နဲ့ လက်ထပ်ပေးဖို့ ကြိုးစားခဲ့ပါတယ်..

အာဏာကို မက်မောလွန်းလို့ ဘုရင်သမတ်ဖြစ်ချင်နေတဲ့

လူငယ်ကို မင်းသမီးက ငြင်းပယ်လိုက်တဲ့အခါမှာ

ဘုရင့်တိုင်းပြည်တခုလုံး ကံဆိုးမိုးမှောင်ကျရောက်ခဲ့ပါတော့တယ် 

ဘုရင်ကြီးနဲ့ မိသားစုတွေ ရုတ်တရပ်  ဖမ်းဆီးခံရပြီး

ထီးနန်းလုခံခဲ့ရပါတယ် ..

မင်းသမီးလည်း အခန်းထဲပိတ်လှောင်ခံထားရပါတယ် 

ဒါပေမယ့် သူရဲကောင်းစစ်သည်တော် တယောက်ပဲ ဖြစ်ချင်တဲ့ 

မင်းသမီးက ဘယ်လို အန်တုရင်ဆိုင်ပြီးအသတ်ခံရတော့မယ့် 

ဘုရင်ကြီးနဲ့ မိသားစုကို ကယ်တင်မလဲဆိုတာ 

ဒီဇာတ်ကားထဲမှာ ကြည့်ရှု့ရမှာဖြစ်ပါတယ် ..

ဘုရင့်သမီးတော်တယောက်မို့ နူးညံ့သိမ်မွေ့မှုတွေ 

အလှတရားတွေနဲ့အေးချမ်းတဲ့  ဘဝကို 

အန်တုပြီး ထီးနန်းကိုသူမဖခင် ဘုရင်ကြီးဆီကို 

ပြန်လည်အပ်နှင်း ကြိုးစားထားတဲ့ 

ရဲရင့်မှု သတ္တိရှိမှု အနိုင်မခံ အရှုံမပေးတက်တဲ့ 

မင်းသမီးတယောက်အကြောင်းရိုက်ကူးထားတဲ့ 

ဇာတ်ကားလေး ဖြစ်ပါတယ် 


မြန်မာစာတန်းထိုး[720p] [BluRay] နဲ့ကို

အောက်မှာ ‌ဒေါင်းယူကြည့်ရှု့နိုင်ပါတယ် 


Google Drive

Download


ကျေးဇူးတင်ပါတယ် ချမ်းငြိမ်း-မှော်ဝန်း


Monster Hunter (2020) မြန်မာစာတန်းထိုး


 Monster Hunter (2020) မြန်မာစာတန်းထိုး

++++++++++++++

ပျောက်ဆုံးနေသော စစ်သည်အဖွဲ့ကို ခြေရာခံဖို့

အန္တရာယ်ကြီးသော မစ်ရှင်တခုမှာ  

အမေရိကန်စစ်တပ်မှ Ranger Captain Natalie Artemis

(Milla Jovovich)  နှင့်

သူရဲ့ လက်ရွေးစင် စစ်သားတွေ ဟာ မုန်တိုင်းတခုနဲ့ တွေ့အပြီးမှာ 

ထူးဆန်းတဲ့ စကြဝဠာတခုဆီ ပို့ဆောင်ခံလိုက်ရပါတယ်  

သူတို့ဟာ အဲ့ဒီမှာ ထူးဆန်းကြောက်မက်ဖွယ်ရန်သူတွေနဲ့ 

မြေအောက်သဲကန္တာရနေသတ္တဝါတွေ နှင့်အတူ သဲကန္တာရ

တခု မှာ ပိတ်မိနေခဲ့ပါတယ် 

Captain Artemis နှင့် သူရဲ့ တပ်သားများက ရန်သူကို  တိုက်ခိုက်နိုင်သော

လက်နက်များ ပြည့်စုံလုံလောက်မှုမရှိကြောင်း 

တွေ့လိုက်ရတဲ့ အခါ အရမ်းကို ထိတ်လန့်  တုန်လှုပ်သွားကြပါတယ် 

ဒါပေမယ့် မမျှော်လင့်ဘဲ၊ သူတို့ရဲ့  ရှင်သန်မှုအတွက် 

အသဲအသန်တိုက်ခိုက်နေရတဲ့  တိုက်ပွဲတခုမှာ 

အင်အားကြီးတဲ့ရန်သူ သတ္တဝါများထက် 

ခြေတလှမ်းသာပြီး တိုက်ခိုက်ရေးစွမ်းရည်ရှိသည့် 

လျှို့ဝှက်ဆန်းကြယ်သော ဒေသခံ မုဆိုးတဦး(Tony Jaa) ကို တွေ့ဆုံခဲ့ပါတယ် 

Captain Natalie Artemis က 

ထူးဆန်းတဲ့ သဲကန္တရတွင်းမှလွတ်မြောက်ပြီး ကမ္ဘာကို ပြန်လာနိုင်မလား???။

လျှို့ဝှက်ဆန်းကြယ်သော ဒေသခံ မုဆိုးတဦး(Tony Jaa) က

ရော ဘာတွေ ထူးဆန်းတဲ့ အရာတွေရှိနေမလဲ.. 

အကြောက်တရားမရှိတဲ့ Monster Hunter ဖြစ်ဖို့ ဘာတွေလိုအပ်သလဲ...??? ဆိုတာ

မြန်မာစာတန်းထိုး[720p] [BluRay] နဲ့ကို

အောက်မှာ ‌ဒေါင်းယူကြည့်ရှု့နိုင်ပါတယ် 


Google Drive

Download


ကျေးဇူးတင်ပါတယ် ချမ်းငြိမ်း-မှော်ဝန်း

The Witch Part 2..(2022) မြန်မာစာတန်းထိုး


 The Witch Part 2..The Other One (2022) မြန်မာစာတန်းထိုး

+++++++++++

လျှို့ဝှက်ဓာတ်ခွဲခန်းတခုကနေ 

အသက်ရှင် လွတ်မြောက်လာတဲ့ မိန်းခလေးတယောက်နဲ့ 

အိမ် နဲ့ မြေကို  ဂိုဏ်းတခုရဲ့ ရန်ကနေ

ကာကွယ်ဖို့ ကြိုးစားနေသော အခြားမိန်းကလေးတဦးတို့ 

မတော်တဆတွေ့ဆုံခဲ့တာကနေ ‌ဇာတ်လမ်းကို 

စ,တင်ထားတဲ့ 

စိတ်ဝင်စားစရာကောင်းတဲ့ ကိုရီးယား

ဇာတ်ကားလေးဖြစ်ပါတယ် 

မြန်မာစာတန်းထိုး[720p] [BluRay] နဲ့ကို

အောက်မှာ ‌ဒေါင်းယူကြည့်ရှု့နိုင်ပါတယ် 


Google Drive

Download


ကျေးဇူးတင်ပါတယ် ချမ်းငြိမ်း-မှော်ဝန်း

Snake Eyes (2021) မြန်မာစာတန်းထိုး


 Snake Eyes: G.I. Joe Origins  မြန်မာစာတန်းထိုး

++++++++++++++++

ကလေးဘဝတုန်းက သူ့အဖေကို သတ်ခဲ့တဲ့

တရားခံကို ပြန်လက်စားချေနိုင်ဖို့အတွက် 

ဘယ်အရာမဆို လုပ်ဖို့ဝန်မလေးတဲ့ Snake Eye ..

Arashikage  တွေရဲ့ အမွေဆက်ခံသူ

"Storm Shadow" Tommy ရဲ့ အသက်ကို 

ကယ်တင်ခဲ့ပြီးတဲ့နောက်မှာ Arashikage မိသားစုဝင်ဖြစ်လာခဲ့ပါတယ်..

ဒါပေမယ့် Snake Eye က သူတို့ရဲ့ ရန်သူတွေနဲ့ ပူးပေါင်းပြီး

အစွမ်းထက်တဲ့ ကျောက်မျက်ရတနာကို ခိုးယူဖို့ ကြိုးစားခဲ့ပါတယ် 

မြန်မာစာတန်းထိုး[1080p] [BluRay] နဲ့ကို

အောက်မှာ ‌ဒေါင်းယူကြည့်ရှု့နိုင်ပါတယ် 


Google Drive

Download


ကျေးဇူးတင်ပါတယ် ချမ်းငြိမ်း-မှော်ဝန်း

Tokyo Ghoul (2017) မြန်မာစာတန်းထိုး


Tokyo Ghoul (2017) မြန်မာစာတန်းထိုး

***************
 ဂျပန် Manga Series ကို အခြေခံပြီး

ပြန်လည်ရိုက်ကူးထားတဲ့ ဂျပန်ဇာတ်ကားကောင်းတကားပါ 

လူတွေစားတဲ့ အစားအသောက်တွေမှန်သမျှကို 

အော်ဂလီဆန်စရာလို့ပဲ မြင်နေပြီး

လူသားတွေရဲ့ အသားကို ပဲ စားသောက်နိုင်တဲ့ 

Ghoul  လိုခေါ်တဲ့ မကောင်းဆိုးဝါးတွေ လူသားတွေကြားမှာ 

တိတ်တဆိတ် ရှင်သန်နေထိုင်လာခဲ့ကြတာပါ

ရှက်ရွံ့တက်ပြီး စာအုပ်တွေနဲ့ပဲအချိန်ကုန်နေတက်တဲ့ 

တက္ကသိုလ် ကျောင်းသား Ken Kaneki ဟာ  

ရတောင့်ရခဲ့ အခွင့်အရေးဖြစ်တဲ့ 

သူ သဘောကျနေတဲ့ကောင်မလေးရဲ့ ချိန်းဆိုတာကို 

လက်ခံရရှိခဲ့ပြီးသူ့ ကောင်မလေးက Ghoul တကောင်ဖြစ်နေခဲ့တာပါ.. 

မြန်မာစာတန်းထိုး[720p] [BluRay] နဲ့ကို

အောက်မှာ ‌ဒေါင်းယူကြည့်ရှု့နိုင်ပါတယ် 


Google Drive

Download


ကျေးဇူးတင်ပါတယ် ချမ်းငြိမ်း-မှော်ဝန်း

သေသူကို ကြောက်ရွံ့နေကြသူများ

သေသူကို ကြောက်ရွံ့နေကြသူများ
---------------------------
၁။
၁၉၅၀ ဩဂုတ်လ ၁၄ ရက်၊မိုးသည်းထန်သောနေ့
ထိုနေ့မှာ ကရင်အမျိုးခေါင်းဆောင်ကြီး
စောဘဦးကြီး တိုက်ပွဲမှာ ကျဆုံးသွားပြီဟု
ကြေညာခဲ့သည်။
စောဘဦးကြီး၏ ရုပ်အလောင်းကို
မော်လမြိုင်ဆေးရုံမှာ ရင်ခွဲစစ်ဆေးပြီး
စစ်လေယာဉ်နှင့်သယ်ကာ
ပင်လယ်အဝေးတနေသို့ သွားရောက်ပစ်ချကာ
အလောင်းကို ဖျောက်ဖျက်ခဲ့ကြပါသည်။
သက်မဲ့ ခန္ဓာကို ဘယ်လိုပဲ ဖျောက်ဖျက်ခဲ့စေကာမူ
ကရင်အမျိုးသားတို့၏ နှလုံးသား၌
စောဘဦးကြီးသည် အစဉ်အမြဲရှင်သန်နေသလို
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲနေသော လူသားတိုင်းကလည်း စောဘဦးကြီးကို
အမြဲအမှတ်ရနေမည်သာ။
၂။
၁၉၆၇ အောက်တိုဘာလ ၉ ရက်၊ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်၊
" မင်း ငါ့ကိုသတ်ဖို့လာတယ်ဆိုတာ ငါသိတယ်။
ကဲ ပစ်စရာရှိတာ ပစ်ကွာ။
သူရဲဘောကြောင်တဲ့ကောင် ပစ်။
မင်းက လူသတ်သတ်ဖို့ဖြစ်လာကောင်ပဲ။"
ရဲဘော်ချေသည် သူ့အားသတ်မည့် အာဏာသားကို ရဲရဲရင့်ရင့်ပြောပြီး မျက်လုံးဖွင့်လျှက်
သေခြင်းကို ရင်ဆိုင်သွားခဲ့သည်။
အောက်တိုဘာလ ၁၁ ရက်၊ ချေ သေဆုံးပြီး
၂ ရက်အကြာ၊ မိုးဖွဲဖွဲကျနေသည့်ည။
လူသတ်သမားတို့သည် ရဲဘော်ချေနှင့်
ပြောက်ကျားစစ်သည်နှစ်ဦး၏ ရုပ်အလောင်းများကို
ထရပ်ကားတစီးပေါ်တင်ပြီး ကင်းဗတ်စများဖြင့် အုပ်ကာ ကားမောင်းထွက်လာ၏။
လေဆိပ်ဟောင်းတခုအနီးသို့ ရောက်သောအခါ
ကားကို ရပ်လိုက်၏။
သူတို့သည် ဘူလ်ဒိုဇာတစီးကို ယူကာ
၁၈ ပေ အနက်၊ ပေ ၃၀ အကျယ် တွင်းတတွင်းကို
တူးလိုက်ကြသည်။
ထိုနောက် တွင်းထဲကို အလောင်းတွေ ပစ်ချ၏။
ဘူလ်ဒိုဇာနှင့် မြေတွေဖို့ပစ်၏။
​ကမ္ဘာကျော်တော်လှန်ရေးသမားကြီးဖြစ်သော
ချေဂွေဗားရား၏ ရုပ်အလောင်းသည်
စိုစွတ်စွတ်၊ အေးစက်စက် အမှောင်ညတွင် ထိုသို့
ဖျောက်ဖျက်ခံခဲ့ရပါသည်။
သို့သော် ...
ထိုအဖြစ်အပျက်ဖြစ်ပြီ နှစ်ပေါင်း ၃၀ အကြာ ၁၉၉၇ ခုနှစ်တွင်၊ ဘူမိဗေဒပညာရှင်များနှင့်
မနုဿဗေဒပညာရှင်များက
ချေ၏ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြသည်။
ထိုနည်းတူ
အဖိနှိပ်ခံလူတန်းစားတို့အတွက်
တော်လှန်တိုက်ခိုက်နေကြသည့် မည်သူမဆို
သူတို့၏ နှလုံးသား၌ ချေဂွေဗားရားသည်
ထာဝရရှင်သန်နေမည့် သူရဲကောင်းတယောက်
ဖြစ်ပါသည်။
၃။
လူတချို့သည် အသက်ရှင်စဉ်ကပင်
သေဆုံးနေကြပါသည်။
လူတချို့သည်ကား ရုပ်ခန္ဓာသေဆုံး ဖျောက်ဖျက်ခံရပေမယ့်
နာမည်နဲ့ ဂုဏ်သတင်းသည်ကား
ကမ္ဘာတည်သရွေ့ ထာဝရရှင်သန်နေမည် ဖြစ်သည်။
လူတချို့သည် သေမည်ကို သိသော်လည်း
မကြောက်မရွံ့ရင်ဆိုင်နိုင်ကြသည့်တိုင်
လူတချို့ကမူ သေသူကိုပင် ကြောက်ရွံ့နေကြသည်။
ကနေ့ မြန်မာ့နွေဦးတော်လှန်ရေးသည်
သေဆုံးပြီသူများနှင့် ထာဝရရှင်သန်နေမည့်
သူတို့၏ တိုက်ပွဲဖြစ်သည်။
အဆုံးသတ်မှာ
" တရားတဲ့သူသာ နိုင်ကြေးဟေ့"။

(( စစ်အုပ်စု၏ သတ်ဖြတ်ဖျောက်ဖျက်ခံရသော
သူရဲကောင်းများအား အလေးနီဖြင့်))

ချမ်းငြိမ်း-မှော်ဝန်း
#CN
07/31/2022 


 

The Outsider (2018) မြန်မာစာတန်းထိုး


 The Outsider (2018) မြန်မာစာတန်းထိုး

***********

ပစိဖိတ်စစ်ပွဲအပြီး ကိုးနှစ်အကြာ ၁၉၅၄ ခုနှစ်မှာ

နစ်ခ်လိုဝဲလ် ခေါ်တဲ့ လူတယောက်က 

ဂျပန်နိုင်ငံရဲ့ အိုဆာကာအကျဉ်းထောင်မှာ 

တစ်ဦးတည်းသော နိုင်ငံခြားသား အကျဥ်းသားတယောက် 

အဖြစ် အကျဥ်းကျနေတယ်..

သူနဲ့ အတူ အကျဥ်းသားအများစုက irezumi တက်တူးတွေနဲ့ 

ယာကူဇာ ရာဇဝတ်ကောင်တွေဖြစ်တယ် 

Kiyoshi လို ခေါ်တဲ့ ယာကူဇာတယောက်ကို သေခါနီးဆဲဆဲမှာ

ကယ်တင်ခဲ့ခြင်းက သူ့ဘဝရဲ့ အလှည့်အပြောင်းတခုလို

ဆိုနိုင်တဲ့ အဖြစ်အပျက်လို အစပျိုးထားတဲ့ 

အရမ်းကောင်းတဲ့ ဂျပန်ဇာတ်ကားကောင်းတကားပါ 

မြန်မာစာတန်းထိုး[1080p] [BluRay] နဲ့ကို

အောက်မှာ ‌ဒေါင်းယူကြည့်ရှု့နိုင်ပါတယ် 


mediafire

Download


OneDrive

Download


Google Drive

Download


ကျေးဇူးတင်ပါတယ် ချမ်းငြိမ်း-မှော်ဝန်း