ယုံကြည်ချက် တစိတ်တပိုင်းကို ဖွင့်အံဖို့နှင့် လေ့ကျက်မိသမျှ မျှဝေဖို့

  • ကြောက်တတ်တဲ့ အစုမှာလား၊ ဖေါက်ထွက်မယ့် အစုမှာလား။

    (သပြေသီးကောက်) ဝါဆိုဝါခေါင် ရေတွေကြီးလို့ သပြေသီးမှည့် ကောက်စို့ကွယ်။ ခရာဆူးချုံ ဟိုအထဲက မျှော့နက်မည်းကြီး တွယ်တတ်တယ်။ မျှော့နက်ဆိုတာ ချိုနဲ့လားကွဲ့ မြွေနဂါးတောင် ကြောက်ဘူးကွယ်။ တို့လဲကြောက်ပေါင် အတူသွားစို့ အုန်းလက်နွားလေး ထားခဲ့မယ်။ သွားကွယ် သွားကွယ်။ (မင်းသုဝဏ်) ...

    Read More
  • The Lord of the Rings: မြန်မာစာတန်းထိုး

    နဂိုထဲက ကောင်းပြီးသား ၀တ္ထုကို ရုပ်ရှင်ပြန်ရိုက်ကြတဲ့အခါ ပရိတ်သတ်တွေ စိတ်ကြိုက်မတွေ့ကြပါဘူး။ ဒါပေမယ့် The Lord of the Rings ဇာတ်ကားတွေကတော့ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ အကောင်းဆုံး ဖြစ်အောင်ရိုက်ကူးနိုင်ခဲ့တာကြောင့် ပရိတ်သတ်တွေသာမက ရုပ်ရှင် ဝေဖန်ရေးသမား တွေ ပါ ချီးကြူးခဲ့ရတဲ့ဇာတ်ကားကောင်း ဖြစ်ပါတယ်။..

    Read More
  • Prison Break Season 1 မြန်မာစာတန်းထိုး

    Prison Break Season 1 မြန်မာစာတန်းထိုး အကြိမ်ပေါင်းများစွာ ဘယ်နှကြိမ်ပဲ ကြည့်ကြည့် ရိုးမသွားနိုင်တဲ့ စီးရီးကောင်းတကားပါ အတော််များများကြည့်ဖူးပြီးပြီးသားဖြစ်တာမို့ ဇာတ်လမ်းအညွှန်းကိုတော့ မရေးပေးထားတော့ပါဘူး အောက်မှာ Season 01 ကို ဒေါင်းယူနိုင်ပါတယ်

    Read More

M3GAN.2022 မြန်မာစာတန်းထိုး


 M3GAN 2022 မြန်မာစာတန်းထိုး


ထိပ်တန်း ကလေးကစားစရာစက်ရုပ်ကုမ္ပဏီက 

M3GAN ပရောဂျက်အတွက်ဉာဏ်ရည်တုကို 

အသုံးပြုခဲ့ပါတယ်

ဒါပေမယ့် အရုပ်ရဲ့ ပရိုဂရမ်ရေးဆွဲမှုက 

ကောင်းလွန်းတဲ့အခါ ကြောက်စရာကောင်းတဲ့ ရလဒ်တွေနဲ့ 

သူမရဲ့ သူငယ်ချင်းအသစ်ကို အကာအကွယ်လွန်သွားခဲ့ပါတယ်

________________________________________



Gdrive [1080p WebRip]


Downlaod [1.39 GB]


ကျေးဇူးတင်ပါတယ် ချမ်းငြိမ်း-မှော်ဝန်း

The Price We Pay 2023 မြန်မာစာတန်းထိုး


 The Price We Pay 2023 မြန်မာစာတန်းထိုး


အပေါင်ဆိုင်တဆိုင်ကို လူသတ် လုယက်ပြီး

ဓားစားခံမိန်းခလေးတယောက်ကို ခေါ်ဆောင်

ထွက်ပြေးသွားတဲ့ ရာဇဝတ်သားတွေက

ဝေးလံတဲ့ လယ်ယာအိမ်တလုံးမှာ 

ခေတ္တခိုလှုံဖို့ ကြိုးစားကြသော်လည်း သူတို့အတွက်

ပိုပြီး ထိတ်လန့်စရာကောင်းတဲ့ 

အန္တရာယ်များတဲ့ အရာကို ရှာတွေ့ကြပါတယ်..

Action, Thriller, Mystery, Crime, Horror

အမျိုးအစား ဇာတ်ကားကောင်းတကားပါ

_______________________________________________________



Gdrive [1080p WebRip]


Download [1 GB]


ကျေးဇူးတင်ပါတယ် ချမ်းငြိမ်း-မှော်ဝန်း

JUNG_E 2023 မြန်မာစာတန်းထိုး


 JUNG_E 2023 မြန်မာစာတန်းထိုး


လူသားတွေ နေထိုင်လို့မရတော့တဲ့(၂၂) ရာစု

ကမ္ဘာမှာ ပြည်တွင်းစစ်ရဲ့ ရလဒ်တခုအနေနဲ့ 

လက်ရွေးစင်ကြေးစားစစ်သည်တယောက်ရဲ့ 

ဦးနှောက်ကို ပုံတူပွားပြီး

တိုက်ခိုက်ရေး AI စစ်သားတယောက်

ဖန်တီးဖို့ကြိုးစားတဲ့ June_e ပရောဂျက်..

ကင်ဆာရောဂါသည် သမီးဖြစ်သူကို

ကယ်တင်ဖို့ကြိုးစားရင်း ကြေးစားစစ်သည်

တဦးဖြစ်လာတဲ့ မိခင်တယောက်နဲ့ သမီးဖြစ်သူတို့ရဲ့ 

ရင့်နင့်စရာ ခေတ်လွန်သိပ္ပံဇာတ်ကားတကားကို 

မြန်မာစာတန်းထိုးနဲ့ တင်ပေးလိုက်ပါတယ် 

-----------------------------------------------------------------



Mega [1080p WebRip]


Download [1.72GB]


ကျေးဇူးတင်ပါတယ် ချမ်းငြိမ်း-မှော်ဝန်း


Project Wolf Hunting (2022) မြန်မာစာတန်းထိုး


 


Project Wolf Hunting (2022) မြန်မာစာတန်းထိုး


ကိုရီးယားနိုင်ငံမှာ ဒုစရိုက်မှုကျူးလွန်ပြီး ဖိလစ်ပိုင်နိုင်ငံကို 

ထွက်ပြေးသွားတဲ့ ရာဇဝတ်သားတွေကို ဖိလစ်ပိုင်မှာဖမ်းဆီးပြီး

ကုန်တင်သင်္ဘောတစီးနဲ့ လက်နက်ကိုင် 

အစောင့်အကြပ် တင်းတင်းကျပ်ကျပ်နဲ့ 

ကိုရီးယားနိုင်ငံကို ပြန်လည်ပိုဆောင်ပေးတဲ့ ခရီးစဥ်မှာ 

အကျဉ်းသားတွေက  ညီညီညွတ်ညွတ်နဲ့ လွတ်မြောက်ဖို့ 

ကြိုးပမ်းခဲ့ကြတာ အောင်မြင်သွားပါတယ်

ဒါပေမယ့် အကျဉ်းသားတွေက သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့

 အကြမ်းဖက်လုပ်ရပ်ကို ဆက်လက်လုပ်ဆောင်နေချိန်မှာ 

သူတို့ထက် ပိုမိုဆိုးဝါးတဲ့  သင်္ဘောအောက်ခန်းကနေ 

ထွက်ပေါ်လာတဲ့ မကောင်းဆိုးဝါးက သူတို့အတွက် 

မလုံခြုံကြောင်း သိရှိချိန်မှာ---

သွေးသံရဲရဲနဲ့ ရွံတက်သူတွေ မကြည့်သင့်ပါဘူး



Gdrive [WebRip 1080p]


Download [2.35 GB]



Kingdom 2: Far and Away (2022) မြန်မာစာတန်းထိုး

 

Kingdom 2: Far and Away (2022) မြန်မာစာတန်းထိုး


နှစ်ပေါင်း (၅၀၀) ကျော် စစ်ပွဲဖြစ်နေတဲ့ 

လွင်ပြင်ဒေသကို ပြန်လည်ညီညွတ်စေချင်တဲ့ 

အိမ်မက်ရှိတဲ့ ဘုရင်ငယ်လေး Ying Zheng..နဲ့ 

စစ်ဗိုလ်ချုပ် ဖြစ်လာဖို့ အိမ်မက်ရှိတဲ့ 

အညတရ ရွာသား ကောင်လေးတယောက်

သူတို့(၂)ဦးပူပေါင်းပြီး သူတို့ဖြစ်ချင်အိမ်မက်တွေကို 

ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတာ

ဒီဇာတ်ကားထဲမှာ ကြည့်ရှု့ရမှာပါ 

Kingdom 1 ကတော့ 2019 ခုနှစ်မှာထွက်ထားတာပါ

အဲ့ဒါကိုလည်း မကြာခင်တင်ပေးပါ့မယ် 

_____________________________________________



Mega [1080p WebRip]


Download [2.62GB]


Gdrive [1080p WebRip]


Download [2.62GB]


ကျေးဇူးတင်ပါတယ် 

ခေတ်သစ် နွေဦးသို့









 ခေတ်သစ် နွေဦးသို့

----------------
မီးတောင်ဝထဲ ခုန်ဆင်းသွားပြီး
ကြယ်အစင်းစင်း ဖြစ်သွားရတဲ့
နွေဦးသူရဲကောင်းတွေကြောင့်
ပြာမှုန်ရီတဲ့ ညကောင်းကင်ယံမှာ
ကြယ်တချို့ ပိုမိုလင်းလက်စွာ
ငါတို့ကို ကြည့်နေမယ်လို့ ငါခံစားရတယ်။
နေထွက်ချိန် နေဝင်ချိန်မတူပေမယ့်
ငါတို့ ဝေဒနာတွေ တူကြတယ်
ဒီနှစ်တွေအတွင်း လူတချို့ဟာ
တိုင်းပြည်အတွက်
မီးတောင်ဝထဲ ခုန်ဆင်းသွားခဲ့ရ
သူတို့ရဲ့ မြင့်မြတ်တဲ့ ပေးဆပ်မှုမှာ
ငါတို့ ဘယ်လိုခရီးဆက်ရမယ်ဆိုတဲ့
လမ်းညွန်ချက်တွေ ချန်ရစ်ခဲ့
အဲဒီလမ်းညွန်ချက် အက္ခရာတွေမှာ
ကိုဂျင်မီဆိုတဲ့ အမည်ပါတယ်
ပုစဉ်းစိမ်းကောင်ရဲ့ ဝမ်းဗိုက်က
ထွက်ကျလာတဲ့ ပျားကောင်တကောင်
သူ့ရင်ဘက်ကို ထွင်းဖေါက်လိုက်လို့
မြေခသွားရတဲ့ သွေးစက်နဲ့အတူ
pdf ရဲဘော်လေး ဟစ်ကြွေးခဲ့တဲ့
"ကမ္ဘာမကြေဘူး" ဆိုတဲ့
အက္ခရာတို့ပါတယ်
ဒီသွေးအက္ခရာတွေနဲ့ ရေးတဲ့စာဟာ
တော်လှန်ကဗျာ ဖြစ်တယ်။
ဒီည၊ နှစ်သစ်ကူးည
ဒီကဗျာကို ငါရွတ်မယ်။
သက္ကရာဇ်တွေဟာ တံစဉ်းတလက်လို
အချိန်ကို ရိပ်သိမ်းပြီးတဲ့နောက်
အညီမညာ ပြတ်ကျသွားတဲ့ နေ့ရက်တချို့ကို
ပြန်လည်စုဖွဲ့ဖို့
ပွင့်ဖက်တွေ ရိနွမ်းနေတဲ့ ငါ့အိမ်ရှေ့က
နှင်းဆီပင် ခြေရင်းမှာ
တစုံတရာကို ငါပြန်ရှာကြည့်မိတော့
နွေဦးရဲ့ သင်းရနံ့ကို ငါရတယ်
နွေဦးမှာ နိုးထလာမယ့် ဝိဉာဉ်ကို ငါတွေ့တယ်
နွေဦးကို ကြိုလင့်မယ့် နုပျိုခြင်းကို ငါပွေ့ဖက်မိတယ်။
နှစ်သစ်ဟာ မကြာခင်ရောက်လာတော့မယ်
သူနဲ့အတူ နွေဦးအောင်ပွဲ အတူယှဉ်တွဲလျက်။
12/31/2022

ဘီလူးတို ဇာတ်သိမ်းခန်း


 ဘီလူးတို ဇာတ်သိမ်းခန်း

---------------------

အရူးတို ရပ်ကွက်က

မထူးဇာတ်ကနေတဲ့ ဘီလူးတိုဇာတ်အဖွဲဟာ

ဇာတ်သိမ်းခန်း နီးလာပြီ 

အရုဏ်မတတ်မီ အမှောင်မျိုးနဲ့  

ဇွတ်တိုးမိုက်နေတဲ့ သူတိုရဲ့အမိုက်ဇာတ် 

အပြီးအပိုင် ရပ်ရတော့မယ်။

နွေဦးရဲ့ ရောင်နီဟာ သားရဲတကောင်လို

သူတိုကို ခုန်အုပ်ဖို စောင့်နေတယ်။

ယမ်းငွေ့ဝနေတဲ့ ကောင်းကင်က 

ညိုမှောင်နေတဲ့ တိမ်ရိပ်တွေက 

သူတိုအပေါ် သိုင်းဖွဲခြုံရစ်

သွေးဓါးတွေအဖြစ် ခုတ်ထစ်ကြမယ်။

လူထုရဲ့ တောက်ခေါက်သံတွေစုရုန်း

သူတိုအပေါ် ထစ်ချုန်းကြမယ်။

သွေးစက်တွေဟာ 

လျှပ်စစ်မြားအလက်လက်တွေအဖြစ်

သူတိုအပေါ် ပစ်ခွင်း 

သွေးကြွေးတွေ နှင်းကြမယ်။


မှုန်သီတဲ့ဆောင်းရဲ့ နှင်းမှုန်တွေမှာ 

မိခင်တွေရဲ့ မျက်ရည်ငွေ့တွေပါတယ်။

အေးစက်တဲ့ မြောက်ပြန်လေမှာ 

ကချင်ပြည်နယ်က နာကျင်မှုတွေပါတယ်။

ကရင်နီပြည်က မီးခိုးရနံ့တွေ ကပ်ညှိပါတယ်။

ချင်းပြည်နယ်က ယမ်းခိုးတွေ တွဲခိုလာတယ်။

ဆောင်းလေဟာ တောင်တန်းတွေလွန်မြောက်လာတဲ့အခါ

တော်လှန်ရေးသေနတ်ပြောင်းမှာ

ယမ်းတောင့်တွေအဖြစ် ဒြပ်ထုဖြစ်သွားတယ်။

ဆောင်းလက်ကျန်ရက်တွေဟာ

သူတိုအတွက် ယတြာမတိုးတဲ့ 

ကြမ္မာဆိုး ဖြစ်တော့မယ်။

သူတိုဟာ သူတိုရန်သူနဲ့ ဘယ်တုန်းကမှ

စီးခြင်းမထိုးရဲခဲ့ကြဘူး။

ဒီအကြောင်းကို 

မြယာတောနဲ့ ရိုးပြတ်ကွင်းတွေက သက်သေခံနိုင်တယ်။

သူတိုဟာ လျှာပြတ်နေတဲ့ မြေခွေးလို

ကိုယ့်သွေးကို ကိုယ်ပြန်သောက်ရင်း

အနာဂတ်ပျောက်နေကြ၊

နွေဦးပုစ္ဆာအတွက် အဖြေရှာရင်း 

မိုက်တွင်းလည်း နက်ပြီးရင်း နက်ခဲ့ကြပြီ။

သူတိုရဲ့ ကံဇာတ်ဆရာဟာ ဖေဖော်ဝါရီကပ်ဆိုးမှာ

နတ်ဆိုးတကောင်ဖြစ်သွားတာ သူတိုမသိခဲ့။

ရွေးကောက်ပွဲ နဖားကြိုးထိုးပွဲက

ငရဲသွားလမ်းမှာ နွားဘယ်နှစ်ကောင်ပဲမိမိ

နောက်ဆုံးတော့ 

ခွေးရေပုရပိုဒ်မှာသာ မှတ်တမ်းကျန်လိမ့်မယ်။


မကြာမီ နွေဦးဟာ ရောက်လာတော့မယ်

ငါတိုရဲ့ နွေဦးဟာ

နှင်းမြူတွေကိုခွင်း ခွာသံပြင်းပြင်းနဲ့

မာန်သွင်းချီတတ်လာပြီ။

နွေဦးရဲ့ စစ်ခရာသံအောက်

ဘီလူးတို ကြောက်ရွံခတွားရမယ်။

နွေဦးရဲ့ သွေးကြွေး

ဘီလူးတို ပြန်ပေးရမယ်။

နွေဦးရဲ့ ရပ်တည်ချက်ဟာ

ဘီလူးတိုဇာတ် အပြီးတိုင် ရပ်ဖို ဖြစ်တယ်။


#CN

01/14/2023

https://www.facebook.com/channyeinmw

Medieval 2022 မြန်မာစာတန်းထိုး


 Medieval 2022 မြန်မာစာတန်းထိုး


Teutonic Order နှင့် Holy Roman အင်ပါယာကို 

အနိုင်ယူခဲ့သော(၁၅) ရာစုခေတ်က 

စစ်ဘုရင် Jan Zizka ရဲ့ ဇာတ်လမ်းဖြစ်ပြီး

သွေးဆာနေတဲ့ ဓားသွားတွေကြားက

သမိုင်းဝင်ဒရာမာတွေ ရောထွေးပေါင်းစပ်ထားတဲ့

Action,Drama,History အမျိုးအစားဇာတ်ကားကောင်းတကားပါ

Jan Zizka က သမိုင်းတလျှောက် သူဦးဆောင်တဲ့ တိုက်ပွဲတိုင်းမှာ 

တကြိမ်မှ မရှုံးဖူးတဲ့ စစ်သူရဲတယောက်ဖြစ်ပါတယ် ဇာတ်လမ်းကတော့ 

ထီးနန်းကို ချုပ်ကိုင်ဖို့ကြံစည်နေသော ညီအစ်ကိုတွေကြားက

တိုက်ပွဲမှာ ရဲရင့်ပြီး ဖြောင့်မတ်သော လူထုခေါင်းဆောင်

 Jan Žižka က တန်ခိုးအာဏာရှိတဲ့ အရှင်တယောက်နဲ့စေ့စပ်ထားသူ

လေဒီ Katherine ကို ပြန်ပေးဆွဲတဲ့အခြေအနေကနေ စတင်လာခဲ့ပါတယ်

Katherine က ဘုရင်တွေကြား 

 အရေးကြီးတဲ့ နိုင်ငံရေးကစားကွက်ထဲမှာ ပါဝင်လာတဲ့အခါ 

Jan က သူမရဲ့ ပြင်းထန်သော စိတ်ဓာတ်နှင့် 

ပြည်သူများကို ကယ်တင်ရန် အပ်နှံမှုကိုအသိအမှတ်ပြုပြီး 

သူမကို လွတ်မြောက်အောင် သတ္တိရှိရှိ ကြိုးပမ်းမှုမှာ

အာဏာရလိုသူများကြားတွင် ပျံ့နှံ့နေသော အကျင့်ပျက်ခြစားမှု

လောဘနှင့် သစ္စာဖောက်မှုတို့ကို တွန်းလှန်ပြီးသူပုန်စစ်တပ်နှင့်

 ပြန်လည်တိုက်ခိုက်ခဲ့ပါသည်..


Gdrive [1080p BluRay]


Download [2.51 GB]


Downlaod [1.17 GB]



ကျေးဇူးတင်ပါတယ် ချမ်းငြိမ်း-မှော်ဝန်း