The Last Samurai (2003) မြန်မာစာတန်းထိုး
Posted by ချမ်းငြိမ်း-မှော်ဝန်း on 7:25 AM with No comments
The Last Samurai (2003) မြန်မာစာတန်းထိုး
-----------------
ဒီဇာတ်ကားရဲ့ နောက်ဆုံးအခန်းမှာ
အိုမူရာက ဘုရင်ကိုပြောသည်မှာ
" ကျွန်တော်မျိုးလုပ်ပေးခဲ့တာတွေအကုန်လုံး
တိုင်းပြည်အတွက်ပါ" ဟူ၍။
ဘုရင်က " မင်းမိသားစုပိုင်တဲ့ ရွှေငွေတွေကိုသိမ်းပြီး
ပြည်သူတွေကို ဝေပေးလိုက်ရင် မင်းစိတ်မဆိုးဘူးပေါ့" လို့ ပြန်မေးပါသည်။
ဒီအခါ အိုမူရာ အရမ်းစိတ်ဆိုးတာ တွေ့ရပါသည်။
ကျနော်လည်း စဉ်းစားမိပါသည်။
ကျနော်တို့ ဗမာပြည်မှာလည်း
တိုင်းပြည်အတွက်ပါ ဆိုပြီး လုပ်လိုက်ကြတာ
တိုင်းပြည်က ကမ္ဘာအဆင်းရဲဆုံး အဆင့်ရောက်ခဲ့ပြီး အဲဒီလူတွေကတော့
ပိုက်ဆံတွေ ထားစရာနေရာမရှိအောင် ချမ်းသာသွားကြပါသည်။
ဪ ... သူတို့တိုင်းပြည်ကို ချစ်ကြပုံက
ဒီလိုလားဟုသာ မှတ်သားလိုက်မိပါသည်။
အဲဒီအခန်းမှာပဲ ဘုရင်က
ဆာမူရိုင်း ခေါင်းဆောင်နဲ့ ပတ်သက်ပြီး
" သူဘယ်လိုသေသွားတယ်ဆိုတာ
ငါကိုပြောပြစမ်းပါ" ဟု တွမ်ခရုကို မေးပါသည်။
တွမ်ခရုက
" သူဘယ်လို နေခဲ့သလဲဆိုတာ ပြောပြပါ့မယ်"
ဟု ပြန်ပြောပါသည်။
ကျနော်မှာ တွေးစရာလေးတွေ ရှိလာပါသည်။
ကျနော်အတွေးကို မပြောတော့ပါဘူး။
ကိုယ်တိုင်ကြည့်ပြီး တွေးကြည့်စေချင်ပါသည်။
Telegram ကနေလည်း တင်ပေးပါ့မယ်။
ကျနော့်ရဲ့ Telegram Channel လေးကိုလည်း Join ထားပေးကြပါဦး။
အောက်က နှစ်သက်ရာလင့်တွေကနေ
ဒေါင်းယူကြည့်ရှုနိုင်ပါတယ်။
လွတ်လပ်စွာ မျှဝေနိုင်ပါတယ်။
Categories: Movie
0 Comments:
Post a Comment