ခေတ်သစ် နွေဦးသို့
ခေတ်သစ် နွေဦးသို့
(သပြေသီးကောက်) ဝါဆိုဝါခေါင် ရေတွေကြီးလို့ သပြေသီးမှည့် ကောက်စို့ကွယ်။ ခရာဆူးချုံ ဟိုအထဲက မျှော့နက်မည်းကြီး တွယ်တတ်တယ်။ မျှော့နက်ဆိုတာ ချိုနဲ့လားကွဲ့ မြွေနဂါးတောင် ကြောက်ဘူးကွယ်။ တို့လဲကြောက်ပေါင် အတူသွားစို့ အုန်းလက်နွားလေး ထားခဲ့မယ်။ သွားကွယ် သွားကွယ်။ (မင်းသုဝဏ်) ...
Read Moreနဂိုထဲက ကောင်းပြီးသား ၀တ္ထုကို ရုပ်ရှင်ပြန်ရိုက်ကြတဲ့အခါ ပရိတ်သတ်တွေ စိတ်ကြိုက်မတွေ့ကြပါဘူး။ ဒါပေမယ့် The Lord of the Rings ဇာတ်ကားတွေကတော့ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ အကောင်းဆုံး ဖြစ်အောင်ရိုက်ကူးနိုင်ခဲ့တာကြောင့် ပရိတ်သတ်တွေသာမက ရုပ်ရှင် ဝေဖန်ရေးသမား တွေ ပါ ချီးကြူးခဲ့ရတဲ့ဇာတ်ကားကောင်း ဖြစ်ပါတယ်။..
Read MorePrison Break Season 1 မြန်မာစာတန်းထိုး အကြိမ်ပေါင်းများစွာ ဘယ်နှကြိမ်ပဲ ကြည့်ကြည့် ရိုးမသွားနိုင်တဲ့ စီးရီးကောင်းတကားပါ အတော််များများကြည့်ဖူးပြီးပြီးသားဖြစ်တာမို့ ဇာတ်လမ်းအညွှန်းကိုတော့ မရေးပေးထားတော့ပါဘူး အောက်မှာ Season 01 ကို ဒေါင်းယူနိုင်ပါတယ်
Read Moreခေတ်သစ် နွေဦးသို့
---------------------
အရူးတို ရပ်ကွက်က
မထူးဇာတ်ကနေတဲ့ ဘီလူးတိုဇာတ်အဖွဲဟာ
ဇာတ်သိမ်းခန်း နီးလာပြီ
အရုဏ်မတတ်မီ အမှောင်မျိုးနဲ့
ဇွတ်တိုးမိုက်နေတဲ့ သူတိုရဲ့အမိုက်ဇာတ်
အပြီးအပိုင် ရပ်ရတော့မယ်။
နွေဦးရဲ့ ရောင်နီဟာ သားရဲတကောင်လို
သူတိုကို ခုန်အုပ်ဖို စောင့်နေတယ်။
ယမ်းငွေ့ဝနေတဲ့ ကောင်းကင်က
ညိုမှောင်နေတဲ့ တိမ်ရိပ်တွေက
သူတိုအပေါ် သိုင်းဖွဲခြုံရစ်
သွေးဓါးတွေအဖြစ် ခုတ်ထစ်ကြမယ်။
လူထုရဲ့ တောက်ခေါက်သံတွေစုရုန်း
သူတိုအပေါ် ထစ်ချုန်းကြမယ်။
သွေးစက်တွေဟာ
လျှပ်စစ်မြားအလက်လက်တွေအဖြစ်
သူတိုအပေါ် ပစ်ခွင်း
သွေးကြွေးတွေ နှင်းကြမယ်။
မှုန်သီတဲ့ဆောင်းရဲ့ နှင်းမှုန်တွေမှာ
မိခင်တွေရဲ့ မျက်ရည်ငွေ့တွေပါတယ်။
အေးစက်တဲ့ မြောက်ပြန်လေမှာ
ကချင်ပြည်နယ်က နာကျင်မှုတွေပါတယ်။
ကရင်နီပြည်က မီးခိုးရနံ့တွေ ကပ်ညှိပါတယ်။
ချင်းပြည်နယ်က ယမ်းခိုးတွေ တွဲခိုလာတယ်။
ဆောင်းလေဟာ တောင်တန်းတွေလွန်မြောက်လာတဲ့အခါ
တော်လှန်ရေးသေနတ်ပြောင်းမှာ
ယမ်းတောင့်တွေအဖြစ် ဒြပ်ထုဖြစ်သွားတယ်။
ဆောင်းလက်ကျန်ရက်တွေဟာ
သူတိုအတွက် ယတြာမတိုးတဲ့
ကြမ္မာဆိုး ဖြစ်တော့မယ်။
သူတိုဟာ သူတိုရန်သူနဲ့ ဘယ်တုန်းကမှ
စီးခြင်းမထိုးရဲခဲ့ကြဘူး။
ဒီအကြောင်းကို
မြယာတောနဲ့ ရိုးပြတ်ကွင်းတွေက သက်သေခံနိုင်တယ်။
သူတိုဟာ လျှာပြတ်နေတဲ့ မြေခွေးလို
ကိုယ့်သွေးကို ကိုယ်ပြန်သောက်ရင်း
အနာဂတ်ပျောက်နေကြ၊
နွေဦးပုစ္ဆာအတွက် အဖြေရှာရင်း
မိုက်တွင်းလည်း နက်ပြီးရင်း နက်ခဲ့ကြပြီ။
သူတိုရဲ့ ကံဇာတ်ဆရာဟာ ဖေဖော်ဝါရီကပ်ဆိုးမှာ
နတ်ဆိုးတကောင်ဖြစ်သွားတာ သူတိုမသိခဲ့။
ရွေးကောက်ပွဲ နဖားကြိုးထိုးပွဲက
ငရဲသွားလမ်းမှာ နွားဘယ်နှစ်ကောင်ပဲမိမိ
နောက်ဆုံးတော့
ခွေးရေပုရပိုဒ်မှာသာ မှတ်တမ်းကျန်လိမ့်မယ်။
မကြာမီ နွေဦးဟာ ရောက်လာတော့မယ်
ငါတိုရဲ့ နွေဦးဟာ
နှင်းမြူတွေကိုခွင်း ခွာသံပြင်းပြင်းနဲ့
မာန်သွင်းချီတတ်လာပြီ။
နွေဦးရဲ့ စစ်ခရာသံအောက်
ဘီလူးတို ကြောက်ရွံခတွားရမယ်။
နွေဦးရဲ့ သွေးကြွေး
ဘီလူးတို ပြန်ပေးရမယ်။
နွေဦးရဲ့ ရပ်တည်ချက်ဟာ
ဘီလူးတိုဇာတ် အပြီးတိုင် ရပ်ဖို ဖြစ်တယ်။
#CN
01/14/2023
https://www.facebook.com/channyeinmw
---------------
အလင်းမှုန်တွေ မှုန်မှိုင်းနေတဲ့ဒီဇင်ဘာဟာ
Copyright ©
ချမ်းငြိမ်း-မှော်၀န်း | Powered by ချမ်းငြိမ်း-မှော်၀န်း
Design by SimpleWpThemes | Blogger Theme by https://www.channyein.us/